Wednesday, March 18, 2009

နတ်သမီးလေး


ဒီလိုအချိန်တိုင်းသူရောက်လာ
ဝိုးတ၀ါးငါ့အဖြစ်
မနှစ်သက်လိုက်တာ.....
ရှင်သန်လာရာဒီရပ်ဝန်းမှာ
သူ့ခြေရာတွေထပ်ကာနေလို့
အခါခါငါကျရှုံး
လေထဲကသူ့အသံလေး
မျက်လုံးတွေနဲ့ကြည့်တတ်နေပေါ့
အစွန်းတဖက်ဒီဆွဲအား
အိပ်မက်ထဲမှာ
နတ်သမီးလေးပါလား................

3 comments:

  1. အိပ်မက်ထဲမှာပေါ့
    တိုးတိုးလေး သူလာပြောတာ
    ကြားပြီးသောအခါ
    နောက်တစ်ခါ သူလာရာအရပ်
    မျက်လုံးတွေနဲ့ မရှာမိတတ်အောင်
    ခပ်ပြတ်ပြတ်နေလိုက်တော့မယ်...
    မိုးသားရေ...မင်းနဲ့တော့ မတူဘူးပေါ့ကွယ်....။
    သူဆိုတဲ့ အိပ်မက်နတ်သမီးလေးက
    “ရှင်နဲ့ကျမ
    အတူတူနေတဲ့အခါ
    ဆန်ဆီဆား အပြည့်လာမှ...” တဲ့
    ကဲ...ဘယ်လိုလုပ်မလဲ...။
    (လာလည်တဲ့အတွက် ကျေးဇူးပါညီလေးရေ”

    ReplyDelete
  2. နတ်သမီးလေးဆီကိုလဲ ရောက်ခဲ့တရ်နော်၊၊

    ReplyDelete
  3. ကဗျာလေးဖတ်သွားတယ်

    အားပေးနေမယ် ...

    ReplyDelete