Sunday, March 29, 2009

ရှင်သန်နေမယ်........................

ရင်ထဲနက်နက်
သံယောဇဉ်အကိုင်းအခက်နဲ့
အမြစ်တည်ရာ
ဒီနေရာမှာ
စူးစုးနင့်နင့်
ဖူးပွင့်လာလို့
အဖျက်သမား
တံချူသားနဲ့
ဘယ်ပျားပိတုန်း
ဖျက်ကာသုန်းလို့
ဘယ်သူဆွတ်ခူး
ငါမဦးခဲ့ရင်တောင်
အမြဲတမ်းရှင်သန်နေမှာ
ဒီရင်ဘတ်နက်နက်
တစ်နေရာထဲမှာ.........

3 comments:

  1. အင်း ဆူးမစူး ပျားမတုတ်အောင်ဆုတောင်းပေးမယ်ဗျို့ 
    ကဗျာလေးက တိုတိုလေးနဲ့ မိုက်တယ်..

    ReplyDelete
  2. ဒီလောက်တောင်ပဲလား မိုးသားရေ ..
    ဖိုးစိန်ဆုတောင်းပေးသလိုပဲဆုတောင်းပေးတယ်နော် ..
    ဆူးမစူး ပျားမတုတ်ပါစေနဲ့း)

    ReplyDelete
  3. ရင်ဘတ်နက်နက်ထဲကို မြင်အောင် ကြည့်သွားတယ် သယ်ရင်း။ ဟုတ်ပါလား.. ရှင်သန်နေတယ်..။ တစ်ခုခုပဲ ဆိုကြစို့။

    ReplyDelete